Sunday, June 15, 2008

သူငယ်ချင်း...ချစ်သူ

သူငယ်ချင်းရယ်...
တို့တတွေရဲ့ခင်မင်မှုလေးကို ပျောက်သွားမှာလည်းစိုးရိမ်တယ်...
ဖြစ်လာခဲ့တဲ့ သံယောဇဉ်လေးတွေ ပြတ်သွားမှာလည်း ကြောက်နေမိတယ်...
တစ်ခြားလူနဲ့ ချစ်နေမလားလို့လည်း စိတ်ပူမိတယ်...
ရင်ဖွင့်ပြရင်လည်း မယုံကြည်မှာကို မကြားချင်းဘူး....
သူငယ်ချင်းရယ် အချစ်ဆိုတာ ဖန်တီးလို့လဲမရ၊ တားဆီးလို့လဲ မရပါဘူးနော်...
မဖန်တီးပဲဖြစ်လာတဲ့ အချစ်တွေကို မတားမြစ်လိုက်ပါနဲ့နော်...
အဲဒါလေးတော့ ကြိုပြောပါရစေ....
ပြန်မချစ်ရင်နေပါ သူငယ်ချင်း....
ချစ်ခွင့်တွေကိုတော့ မပိတ်လိုက်ပါနဲ့နော်....
ဘာဖြစ်လို့လဲသိလား.....
သူငယ်ချင်းကို ချစ်နေရရင်ပဲ ကျေနပ်နေလို့ပါ.....

No comments: