Saturday, June 28, 2008

အိုင်တီလောကရဲ့ ဇာတ်လမ်းတစ်ပုဒ်


keyboard လေးသာ စဉ်းစားတတ်မယ်ဆိုရင်
မင်းကိုချစ်နေတယ်ဆိုတဲ့ အကြောင်း သူသိနေလောက်ပြီ။
Telephone လေးကလည်း ပြောနေတယ်
မင်းနဲ့ပတ်သက်ပြီး သူမှတ်ထားတဲ့အချိန်တွေ များနေပြီတဲ့...
ဒါပေမယ့်..
မင်းကရော သိနိုင်မလား...
ဒီရင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာလေ...
မင်းတစ်ခုတော့ သိထားပေးပါကွာ
လေလှိုင်းထဲက စကားတွေမှာလည်း
သံယောဇဉ်တွေ ပါလာတတ်တယ်ဆိုတာကိုပါ....
ယုံကြည်ပါလို့လဲ မပြောရဲပါ
ဆုံနိုင်ခွင့် ရှိခဲ့ရင်တော့ ကံကြမ္မာကို ကျေးဇူးတင်မိမှာပါ
သေချာတာတစ်ခုကတော့ ...
မင်းကို ငါစွဲလမ်းနေမိပြီ....