Sunday, July 27, 2008

နှင်းမှုန်များနဲ့အတူ

ရတနာပုံမှာနေရတာ တစ်ခါတစ်လေ အရမ်းကြည်နူးစရာကောင်းလှပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြူနှင်းတွေနဲ့ အုံ့မှိုင်းပြီး လွမ်းစရာလည်းကောင်းပါတယ်။
မိုးရာသီ သာပြောပါတယ် မိုးလည်းရွာ နှင်းလည်းကျတယ် ။ ကျွန်တော့်လို လူအတွက်တော့
ဒီရာသီလေးက အရမ်းနေပျော်ပါတယ်။ဒါပေမယ့်..လိုအပ်နေတာတစ်ခုပါပဲ...
ကျွန်တော်ချစ်နေတဲ့သူလေးနဲ့ ဝေးနေတာလေး တစ်ခုပါပဲ...
ဖြစ်နိုင်ရင် အခုချိန်မှာ သူ့ဆီကို ပြေးသွားလိုက်ချင်ပါတယ်..
သူမေးရင်လည်း ဖြေလိုက်မယ် ...`ငါနင့်ကိုလွမ်းလို့´ဆိုပြီးတော့လေ...
ဒါပေမယ့် သူ့အသံလေးပဲ ကြားလိုက်ရပါတယ်....ကျွန်တော် ကျေနပ်ပါတယ်...
သူသိပါစေလို့.....
ကျွန်တော် နှင်းမှုန်တွေကြားထဲမှာ လွမ်းနေတယ်ဆိုတာကိုပါ....


No comments: