Tuesday, July 1, 2008

chatting ထဲက ဒုက္ခ

သူနဲ့ chatting မထိုင်ရရင်လည်း ...
တစ်ခုခုလိုနေသလိုပဲ
သူ့အသံလေး မကြားရရင်လည်း ...
ရင်ထဲမှာ ဟာတာတာနဲ့
သူနဲ့ ဖုန်းပြောရင်လည်း..
ကျန်တာတွေ အားလုံးမေ့
သူကတော့ သိနိုင်မယ် မထင်
ဘာဆက်လုပ်ရမလဲကွာ....
ငါ့ရင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ
မင်းကို သိစေချင်လိုက်တာ
မမြင်ရတဲ့ စကားလုံးတွေထဲမှာ
သံယောဇဉ်တွေ ဖြစ်နေမိပြီကွာ
ပြောပြရင်လည်း မင်းမယုံပါဘူး
ဒါတွေလည်း ငါသိတာပဲလေ
ဒါပေမယ့်
သေချာတယ် မင်းကို ငါစွဲလမ်းနေပြီ....