Tuesday, October 1, 2013

ချစ်သက်တမ်း (၅)နှစ်ပြည့် အမှတ်တရ

ချစ်သူရေ..
ဒီနေ့ဆိုရင် ငါတို့တစ်တွေ ချစ်ခဲ့ကြာတာ
(၅) နှစ်တောင် ပြည့်သွားပြီနော်..
အချိန်ကာလတွေ ဘယ်လောက်ပဲပဲ ကြာကြာ
ငါတို့အချစ်တွေကို ဘယ်တော့မှ မပြောင်းလဲပဲ
ပိုပိုပြီး ချစ်လာကြတယ်နော်..
ဒီနေ့ ချစ်သူနဲ့အတူ လျှောက်လည်ရရင် အရမ်းကောင်းမှာပဲ..
မနှစ်ကလိုပဲ..ဒီနှစ်လည်း မင်းနဲ့ငါနဲ့က အတူရှိမနေပြန်ဘူးနော်..
ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက် ဒီထက်မက ပိုပိုပြီး သက်ဆုံးတိုင် ချစ်သွားကြမယ်နော်..

Saturday, September 22, 2012

ချစ်သက်တမ်း(၄) နှစ်ပြည့်အမှတ်တရ

ချစ်သူရေ..
အောက်တိုဘာလ (၁) ရက်နေ့ဆိုရင် ငါတို့တတွေချစ်သူဖြစ်တာ
(၄) နှစ်ပြီနော်...စိတ်မကောင်းစရာတစ်ခုက အဲဒီနေ့မှာ မင်းနဲ့ငါနဲ့က
တစ်ယောက်တစ်နေရာစီ ရောက်နေကြမှာနော်....
ဘာပဲဖြစ်ဖြစ် ချစ်သူသက်တမ်း(၄)နှစ်အတွင်းမှာ ငါတို့တတွေ
တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊စာနာမှုတွေနဲ့ အဆင်ပြေအောင်
နေခဲ့ကြပါတယ်..ချစ်လည်းချစ်ခဲ့ကြပါတယ်...
နောင်ကိုလည်း ဒီလိုပဲ နားလည်မှုတွေနဲ့ ချစ်သွားကြမယ်နော်..
အမှတ်တရ တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့..
ငါမင်းကို တစ်သက်လုံးမခွဲမခွာပဲ ချစ်သွားမှာပါ..
ငါချစ်တဲ့သူကလည်း မင်းတစ်ယောက်တည်းပါပဲကွာ..
အဲဒါကိုတော့ မင်းယုံကြည်ပေးပါ....

Saturday, December 3, 2011

ချစ်သက်တမ်း(၃) နှစ်ပြည့်အမှတ်တရ

ဘာလိုလိုနဲ့ ကျွန်တော်ချစ်သူလေးနဲ့ ချစ်ခွင့်ရတာ
(၃) နှစ်တောင်ကျော်ခဲ့ပါပြီ...
နှစ်တွေကြာခဲ့လို့လားမသိဘူး..အချစ်တွေက ပိုပြီးခိုင်မြဲလာတယ်..
တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုတွေ ပိုရှိလာကြတယ်..
စိတ်အရမ်းကောက်တတ်တဲ့ ကျွန်တော်ချစ်သူလေးက အခု
စိတ်တွေခဏခဏ မကောက်တော့ဘူးလေ...
အဲဒီအတွက်လည်း ကျေးဇူးတင်တယ် ချစ်သူရေ...
ငါလည်း စိတ်တွေကို ဒီထက်ပိုပြီးရှည်နိုင်အောင် ကြိုးစားနေပါတယ်...
တစ်ခါတစ်ခါဖြစ်တဲ့ အဆင်မပြေမှုတွေကိုပါ ပျောက်သွားအောင်လို့ပါ...
ငါတို့တတွေ ရှေ့ဆက်ပြီး နားလည်မှုတွေအပြည့်နဲ့ ချစ်သွားကြမယ်နော်...

Saturday, November 14, 2009

ချစ်ဇာတ်လမ်းလေးတစ်ပုဒ်...

အော်..ဘာလိုလိုနဲ့ ကျွန်တော့်ချစ်သူလေးကို
ချစ်ခွင့်ရခဲ့တာ တစ်နှစ်တောင် ကျော်ခဲ့ပါပြီ...
ကျွန်တော် သူ့ကိုအရမ်းချစ်ပါတယ်....သူလည်း ကျွန်တော်ကို
အရမ်းချစ်တယ်လို့ ယုံကြည်ပါတယ်..
အဲ..တစ်ခါတစ်လေမှာ အယူအဆလွဲတာလေးတွေတော့ ရှိခဲ့ပါတယ်..
ဒါပေမယ့်..တစ်ယောက်အမှားကိုတစ်ယောက် သည်းခံခဲ့ပါတယ်...
ရှေ့ကိုလည်း နားလည်မှုတွေနဲ့ ဆက်လျှောက်သွားမှာပါ...
ချစ်သူရေ...ငါတို့တတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး
ဘ၀ခရီးကို အတူတူလျှောက်သွားကြရအောင်နော်...
အခက်အခဲတွေ ရှိရင်လည်း အတူတူ ရင်ဆိုင်ကြမယ်လေ...
တစ်ခါတစ်လေ အပြောအဆိုမတတ်တဲ့ ငါ့ကို နားလည်နိုင်တယ်မဟုတ်လား...
ငါလေ...နင့်ကိုတစ်သက်လုံးချစ်သွားမှာပါနော်...

Wednesday, October 1, 2008

ပျော်လိုက်တာ....

ဒီနေ့ည အရမ်းပျော်တာပဲဗျာ
ဘာဖြစ်လို့လဲ သိချင်လား....
ပြောပြမယ်နော် ...ကျွန်တော်ချစ်နေတဲ့ ကောင်မလေးက
ကျွန်တော်ကို ချစ်တယ်ဆိုတဲ့အကြောင်း ဒီနေ့ ည မှာ ဖွင့်ပြောတယ်လေ...
ဒီအချိန် မှာ ဘယ်သူနဲ့မှ မတူတဲ့ အပျော်မျိုးနဲ့ပါ....
သူကိုလည်း ကျေးဇူးတင်ပါတယ်...
ကျွန်တော်ကို နားလည်ပြီး ပြန်ချစ်တဲ့အတွက်ပေါ့..
ယုံကြည်ပါချစ်သူ...ငါ နင့်ကို
တကယ့်ဘ၀လက်တွဲဖော်အဖြစ် စဉ်းစားပြီးသားပါ
နင့်အတွက် ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာပါ..
အရမ်းပျော်တယ်ဗျာ..ကျွန်တော့်အပျော်တွေ ကူးစက်သွားစေချင်လို့
ဒီစာလေးကို ရေးလိုက်တာပါ....
ချစ်ကြသူတိုင်း ဆုံစည်းနိုင်ပါစေ...


(၁.၁၀.၀၈ ဗုဒ္ဓဟူးနေ့ ည ၉း၃၀ အချိန်) အမှတ်တရ

Sunday, September 7, 2008

ချစ်ရသူရယ်....

ချစ်ရသူရယ်....
နင် ငါရဲ့ အချစ်ကိုနားလည်ပေးပါဟာ..
နင်နဲ့ပတ်သက်ပြီး ငါမျှော်လင့်ထားတာတွေ အများကြီးပဲ
ပါးစပ်ကပြောရုံနဲ့ နင်ယုံချင်မှ ယုံကြည်မှာပဲ
ဒါပေမယ့် ငါပြောတာတွေက တကယ့်ရင်ထဲက အမှန်တွေပါ..
အခုဆိုရင် ငါတစ်ယောက်တည်း ဒီမှာလွမ်းနေရပြီလေ..
ပြောခဲ့တဲ့အချိန်လေးဆီကို မြန်မြန်ရောက်ပါစေလို့ပဲ
ဆုတောင်းနေရတော့မယ်လေ...
ဖြစ်ပျက်ခဲ့တာလေးတွေကို အမှတ်တရတွေ ရှိနေဆဲပါ
ငါရဲ့ မျှော်လင့်ချက်လေးတွေကို ဖြည့်ဆည်းပေးနိုင်ပါစေလို့....

Wednesday, August 20, 2008

အတွေးထဲမှာတော့...

အတွေးထဲမှာ ပျော်စရာလေးတွေရှိလာပါပြီ..
ကျွန်တော်ချစ်တဲ့သူနဲ့ တွေ့ရတော့မယ်လေ..
သူကတော့ သိချင်မှသိမှာပါ..
ကျွန်တော်တစ်ယောက်တည်း ကြိတ်ပြီးဖြစ်နေတာပါ.
သူနဲ့တွေရင် ဘာတွေပြောရမလဲ..
ပြောစရာတွေကတော့ အများကြီးပဲဗျ..
ငါပြောတာတွေ နင်ယုံပေးပါနော်....
နင်နဲ့လေ..ငါ စကားတွေအများကြီးပြောချင်တယ်...
ရရှိမယ့်အချိန်ခဏလေးကိုပဲ ငါမျှော်နေမိပါတယ်...
ငါလေ နင်နဲ့ ပတ်သက်ရင် အမှားတွေအများကြီးလုပ်မိတယ်ဟာ..
ငါက နင်ပျော်ရွင်နေတာကိုပဲ မြင်ချင်တာပါ....
ဒါတွေက ငါ့စေတနာအမှန်ပါ....ဒါပေမယ့်..
ငါပြောတာတွေက တစ်လွဲတွေပဲဖြစ်နေလားတော့မသိဘူး....
နင်နားလည်နိုင်ပါစေ...်

Sunday, July 27, 2008

နှင်းမှုန်များနဲ့အတူ

ရတနာပုံမှာနေရတာ တစ်ခါတစ်လေ အရမ်းကြည်နူးစရာကောင်းလှပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြူနှင်းတွေနဲ့ အုံ့မှိုင်းပြီး လွမ်းစရာလည်းကောင်းပါတယ်။
မိုးရာသီ သာပြောပါတယ် မိုးလည်းရွာ နှင်းလည်းကျတယ် ။ ကျွန်တော့်လို လူအတွက်တော့
ဒီရာသီလေးက အရမ်းနေပျော်ပါတယ်။ဒါပေမယ့်..လိုအပ်နေတာတစ်ခုပါပဲ...
ကျွန်တော်ချစ်နေတဲ့သူလေးနဲ့ ဝေးနေတာလေး တစ်ခုပါပဲ...
ဖြစ်နိုင်ရင် အခုချိန်မှာ သူ့ဆီကို ပြေးသွားလိုက်ချင်ပါတယ်..
သူမေးရင်လည်း ဖြေလိုက်မယ် ...`ငါနင့်ကိုလွမ်းလို့´ဆိုပြီးတော့လေ...
ဒါပေမယ့် သူ့အသံလေးပဲ ကြားလိုက်ရပါတယ်....ကျွန်တော် ကျေနပ်ပါတယ်...
သူသိပါစေလို့.....
ကျွန်တော် နှင်းမှုန်တွေကြားထဲမှာ လွမ်းနေတယ်ဆိုတာကိုပါ....